Breaking News >> News >> Democratic Voice of Burma


ရေစကြိုမြို့နယ် လျှပ်စစ်ရုံး ဗုံးခွဲတိုက်ခိုက်ခံရ


Link [2022-05-25 10:53:54]



မကွေးတိုင်း၊ ရေစကြိုမြို့မှာ မေလ ၂၄ ရက်နေ့ ညနေပိုင်းက မြို့နယ်လျှပ်စစ်ရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့တာကြောင့် အဆောက်ဦအချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုရဲ့ ခေါင်းဆောင် ရဲဘော် ဝေကြီးက ဒီဗွီဘီကိုပြောပါတယ်။ ပြည်သူတွေဆီကနေ လျှပ်စစ်မီတာခတွေ အတင်းအကျပ် လိုက်ကောက်နေတာကြောင့် မနေ့ ညနေ ၄ နာရီလောက်မှာ မြို့နယ်လျှပ်စစ်ရုံးကို ဗုံးတလုံးခွဲပြီး သတိပေးခဲ့တာလို့ ဆိုပါတယ်။ ရေစကြိုမြို့နယ် လျှပ်စစ်ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ EPC ရုံးက ဝန်ထမ်းတွေအနေနဲ့ မီတာခတွေ အတင်းအကျပ် မကောက်ခံဖို့နဲ့ စစ်ကောင်စီအလိုကျ လိုက်မလုပ်ဖို့ ပြင်းပြင်းထန်ထန်သတိပေးလိုက်တာလို့ ဆိုပါတယ်။ ပြည်သူလူထုဆီက မီတာခ အတင်းကောက်ခံတာတို့၊ မီတာ​ဘောက်ဖြုတ်သိမ်းတာတွေ ဆက်လက်ပြုလုပ်ပါက ပိုမိုပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားမယ်လို့ ရဲဘော်ဝေကြီးက ပြောပါတယ်။ အဲဒီပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေ ရောက်လာပြီးတော့  လမ်းသွားလမ်းလာတွေကို ပိတ်ဆို့စစ်ဆေးတာတွေ […]

Most Read

2024-09-20 09:53:19