Breaking News >> News >> Democratic Voice of Burma


တက္ကဆက်ပြည်နယ်တောင်ပိုင်းရှိ မူလတန်းကျောင်းကို သေနတ်သမားပစ်ခတ်၊ ၂၁ ဦးသေဆုံး


Link [2022-05-25 08:52:01]



အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်တောင်ပိုင်း ယူဗဲဒီမြို့က မူလတန်းကျောင်းထဲကို သေနတ်သမားတယောက်က နေ့ခင်းကြောင်တောင် သေနတ်နဲ့ဝင်ပစ်လို့ ကလေး ၁၈ ယောက်နဲ့ လူကြီး ၃ ယောက် သေဆုံးသွားပါတယ်။ ယူဗဲဒီမြို့ဟာ ဆန်အန်တိုနီယိုမြို့ရဲ့ အနောက်ဘက် မိုင် ၈၀ အကွာမှာ တည်ရှိပါတယ်။ သေနတ်သမားဟာ အသက် ၁၈ နှစ်အရွယ် ဆယ်ဗားဒေါ ရားမို့စ် ဆိုသူဖြစ်ပြီး ရဲတွေလက်ချက်နဲ့ အခင်းဖြစ်တဲ့ မူလတန်းကျောင်းမှာပဲ သေဆုံးသွားတယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ အခင်းဖြစ်ပြီးတဲ့နောက်မှာ သမ္မတ ဂျိုးဘိုင်ဒင်က အိမ်ဖြူတော်နဲ့ အစိုးရရုံးတွေမှာ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အလံတိုင်တဝက် ချထားဖို့ အမိန့်ပေးထားပါတယ်။ မေ ၂၈ ရက်အထိ အလံတဝက် ချထားရမယ်လို့ အိမ်ဖြူတော်ရဲ့ ကြေညာချက်က ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ အခုတလော လူတွေ […]

Most Read

2024-09-20 10:02:28