Breaking News >> News >> Democratic Voice of Burma


မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ၏ သားဖြစ်သူ အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ခံရ


Link [2022-05-25 08:52:01]



မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိရဲ့သားဖြစ်သူ ကိုသဲဟိန်းကို အာဏာသိမ်း စစ်ကောင်စီက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ရှေ့နေအသိုင်းအဝိုင်းက ပြောပါတယ်။ ကိုသဲဟိန်းကို အာဏာသိမ်း စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို ငွေကြေး ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့က နေအိမ်မှာ လာရောက် ဖမ်းဆီးသွားတာပါ။ စစ်ကောင်စီနဲ့ နီးစပ်သူတွေ အဆိုအရ ဖမ်းဆီးရမိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဦးရဲ့ ထွက်ဆိုချက်ကြောင့် ကိုသဲဟိန်းကို ဖမ်းဆီးရတာလို့ ဆိုပါတယ်။ ရှေ့နေတစ်ဦးဖြစ်တဲ့ ကိုသဲဟိန်းကိုတော့ စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်ပြီးနောက် ကျိုက်မရော ဗဟိုအကျဉ်းထောင်ကို ပို့ဆောင်ထားပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်က ဖမ်းဆီးစဉ် ကိုသဲဟိန်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ငွေကြေးထောက်ပံ့တယ်ဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထား တစုံတရာ တွေ့ရှိခဲ့ခြင်း […]

Most Read

2024-09-20 09:38:03