Breaking News >> News >> Democratic Voice of Burma


ဗန်ဒိုက်ကို သမိုင်းတလျှောက် အကောင်းဆုံးနောက်ခံလူအဖြစ် မိုက်ကယ်အိုဝင် သတ်မှတ်


Link [2022-05-25 08:52:01]



လီဗာပူးနောက်ခံလူ ဗန်ဒိုက်ဟာ ဘောလုံးသမိုင်းတလျှောက် အကောင်းဆုံးနောက်ခံလူဖြစ် တယ်လို့ အင်္ဂလန်တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က ချီးကျူးပါတယ်။  ဟော်လန်နောက်ခံလူ ဗန်ဒိုက်ဟာ လီဗာပူးအသင်းကို ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဆုဖလားတွေ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး အခုနှစ်ရာသီမှာလည်း ဆုဖလား ၃ လုံးရယူနိုင်မယ့် အခွင့်အရေးရှိနေပါတယ်။  ဗန်ဒိုက်စ်ဟာ ခြေစွမ်းပိုင်းနဲ့ ပတ်သက်လို့ အားလုံးထက်သာလွန်ပြီး ချန်ပီယံဆုဖလားရယူနိုင်မှု နည်းပါးနေသေးတာတခုပဲ ပြောစရာရှိတယ်လို့ အိုဝင်က ပြောပါတယ်။  “ဗန်ဒိုက်က ဘောလုံးသမိုင်းတလျှောက် အကောင်းဆုံးဗဟိုနောက်ခံလူပါ။ သူက အားလုံးထက် သန်မာတယ်၊ မြန်တယ်၊ ဘောလုံးနဲ့အတူ ကစားနိုင်သလို ဂိုးတွေလည်း သွင်းနိုင်တယ်။ အရင်က ဒီလိုနောက်ခံလူကို ကျနော် တခါမှ မမြင်ခဲ့ဖူးပါဘူး။ လက်ရှိအချိန်မှာ ပြောစရာရှိတာက ဆုဖလားရယူနိုင်မှုနည်းပါးတာပဲ ရှိတာပါ။ သူက ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဆုဖလားတွေပဲ ရယူနိုင်သေးတယ်” လို့ မိုက်ကယ်အိုဝင်က […]

Most Read

2024-09-20 12:40:24