Breaking News >> News >> Democratic Voice of Burma


မုဒုံမြို့က ကောင်းထက်မိတ္တူဆိုင်တွင် ပေါက်ကွဲမှုဖြစ်၊ ၂ ဦး ဒဏ်ရာရ


Link [2022-05-22 19:03:47]



မွန်ပြည်နယ်၊ မုဒုံမြို့၊ မုဒုံ-သံဖြူဇရပ်လမ်းမကြီး(မော်-သံလမ်း)ဘေးက ကြံ့ခိုင်ရေးအမတ်ဟောင်း ဦးအောင်မြင့်ရဲ့နေအိမ်မှာ ဖွင့်ထားတဲ့ ကောင်းထက်ကွန်ပျူတာမိတ္တူဆိုင်မှာ မေ ၂၂ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပေါက်ကွဲမှုကြောင့် နေအိမ်အရှေ့ခြမ်းပြိုကျခဲ့ပြီး ဦးအောင်မြင့်အပါအဝင် ၂ ယောက် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “သူ့အိမ်က မုဒုံမြို့အဝင် သံတံတားနားက။ တရုတ်ဘုရားကျောင်းလည်းရှိတယ်။ ပြိုတာက အရှေ့မျက်နှာစာဘက်ခြမ်း၊ အိမ်စီးကားနဲ့ရဲတွေလာတယ်။ စစ်ကား ၂ စီးလာတယ်။ ၈ ယောက်လောက်ရှိမယ်။ အထဲမှာဝင်စစ်နေကြတယ်။ သူတို့အိမ်ပြိုတယ်။ လူ ၂ ယောက် ထိတယ်ကြားတယ်။ Ambulance ကားနဲ့ မော်လမြိုင်ဘက်တက်သွားတယ်။ မော်လမြိုင်ကို သွားလိုက်ပို့တယ်လေ။ ထိတာ ဒဏ်ရာက တော်တော်များတယ်ပြောတယ်။ ဦးအောင်မြင့်က သေတယ်လို့လည်း ပြောကြတယ်။ တိတိကျကျတော့မသိရသေးဘူး။ အဲ့ဒီအချိန်မှာ အုပ်ချုပ်ရေးမှူးရုံးက […]

Most Read

2024-09-20 12:58:01