Breaking News >> News >> Democratic Voice of Burma


စစ်ကောင်စီတပ်မီးရှို့မှုကြောင့် မင်းတန်းရွာ အိမ်ခြေ ၁၀၀ ကျော်ဆုံးရှုံး၊ အညွန့်ရွာကို ဆက်လက် မီးရှို့နေ


Link [2022-05-22 19:03:47]



စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ မနေ့က မေလ ၂၁ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်တွေက မင်းတန်းကျေးရွာကို မီးရှို့ ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၁၀၀ ကျော်လောက် မီးလောင်ဆုံးရှုံးခဲ့ပြီး ဒီကနေ့ မနက်ပိုင်းမှာလည်း အညွန့်ကျေးရွာကို ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးနေကြတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။ “မင်းတန်းကျေးရွာကို မနေ့က ညနေ ၄ နာရီကျော်လောက်မှာ စစ်(….)တွေ ဝင်မွှေပြီး မီးရှို့သွားတာဗျ။ မီးက တညလုံးလောင်နေတာ ဒီကနေ့မနက်ပိုင်းကျမှ ကာကွယ်ရေးအဖွဲ့တွေနဲ့ အတူဝင်ငြိမ်းကြရတာ။ အိမ်ခြေ ၁၀၀ ကျော်လောက် မီးထဲပါသွားတယ်” လို့ မင်းတန်းကျေးရွာ ဒေသခံတယောက် ပြောပါတယ်။ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတော့ ဘေးကင်းမဲ့နေရာကို ရွာလုံးကျွတ် အသက်လု ထွက်ပြေးလာခဲ့ကြရတယ်လို့ အညွန့်ကျေးရွာနေ အမျိုးသမီးတယောက်က ပြောပါတယ်။  “ကျမတို့ အညွန့်ကျေးရွာကို […]

Most Read

2024-09-20 12:23:37