Breaking News >> News >> Democratic Voice of Burma


နတ်မောက်မြို့က အုပ်ချုပ်ရေးမှူးအိမ်နှင့် မြို့သစ်မြို့နယ်က မိုင်တဲလ်တာဝါတိုင် မိုင်းခွဲခံရ


Link [2022-05-21 22:46:02]



မကွေးတိုင်း၊ နတ်မောက်မြို့၊ မြို့မကွက်သစ်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးနေအိမ်နဲ့၊ မြို့သစ်မြို့နယ် လူးလဲရွာက မိုင်တဲလ်တာဝါတိုင်တွေကို မေလ ၂၀ ရက် မနေ့ည ၁၁ နာရီခွဲလောက်က ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်က မိုင်း ၄ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဗိဿနိုး-PDF ရဲ့ ပြန်ကြားရေးတာဝန်ခံဗိုလ်ထန်ထွဋ်က ပြောပါတယ်။ ဖောက်ခွဲမှုကြောာင့် နတ်မောက်မြို့က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်ရဲ့ နေအိမ် ထိခိုက်မှုရှိနိုင်သလို စစ်တပ်ပိုင် မိုင်တဲတာဝါတိုင်ကတော့ အောင်ပိုင်းစက်တွေအကုန် ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ “စစ်ကောင်စီခန့်အုပ်ကြီးကိုတော့ စစ်ကောင်စီနဲ့ ပေါင်းပြီး ပြည်သူကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေလို့ သတိပေးတဲ့အနေနဲ့ ဖောက်ခွဲခဲ့တာဖြစ်တယ်။ စစ်ကောင်စီရဲ့ အဓိကစီးပွားရေး ဒေါက်တိုင်တစ်ခုဖြစ်တဲ့ မိုင်တဲတာဝါတိုင်ကိုတော့ စစ်ကောင်စီရဲ့ ဝင်ငွေတွေကို ဖြတ်တောက်တဲ့ အနေနဲ့ ဖောက်ခွဲ ဖျက်ဆီးခဲ့တာ”လို့ ဗိဿနိုး-PDF ရဲ့ […]

Most Read

2024-09-20 12:55:10