Breaking News >> News >> Democratic Voice of Burma


စစ်ကိုင်းတိုင်းအတွင်း ကျေးရွာများကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ် အပြင်းအထန် လိုက်လံ မီးရှို့ဖျက်ဆီးနေ


Link [2022-05-21 22:46:02]



စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ မေလ ၁၈ ရက်မှ မေလ ၂၁ ရက်အထိ စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးပြီး  ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာကြောင့် ကျေးရွာ ၇ ရွာက နေအိမ် ၁၄၀ ကျော်မီးလောင်ဆုံးရှုံးခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့ CDSOM နဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ မီးရှို့မှုကြောင့် ပန်းညိုရွာက နေအိမ် ၁၇ လုံး၊ ညောင်ကားယားရွာကနေအိမ် ၂၀ ကျော်၊ ရွာပုလဲရွာက နေအိမ် ၁၇ လုံး၊ ပေါက်ချောင်းရွာက နေအိမ် ၁၇ လုံးနဲ့ ဒီကနေ့မနက်ပိုင်းမှာ နဂါးပေါက်ရွာကနေအိမ်တလုံး၊  ဆိုင်ကယ်တစီးနဲ့ နေပူကုန်းကျေးရွာက နေအိမ် ၆ လုံးကိုမီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့  CDSOM ရဲ့တိုက်ခိုက်ရေးတာဝန်ခံ ဗိုလ်မင်းယက္ခက ပြောပါတယ်။ “ကျနော်တို့အနေနဲ့က ဘယ်ပြည်သူတဦးတစ်ယောက်ရဲ့ အသက်အိုးအိမ်စည်းစိမ်ကိုမှ […]

Most Read

2024-09-20 12:47:31