Breaking News >> News >> Democratic Voice of Burma


နတ်တလင်းမြို့နယ်၌ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၄ ဦးသေဆုံး ၂ ဦးဒဏ်ရာရ


Link [2022-05-21 22:46:02]



ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ မေလ ၂၀ ရက်နေ့က စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ယောက်သေဆုံးကာ ၂ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MRF ကနေ သိရပါတယ်။ နတ်တလင်းမြို့နယ် ကွေ့ကြီးရွာနဲ့ ညောင်လေးပင်ရွာကြားကို အင်အား ၁၃ ယောက်လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို  မနေ့ညနေ ၃ နာရီလောက်မှာ MRF(နတ်တလင်း)က ပဒေသာမိုင်းဆွဲပြီးတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၄ ယောက်သေပြီး ၂ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ MRF(နတ်တလင်း)ရဲ့ ပြန်ကြားရေးတာဝန်ခံက  ပြောပါတယ်။ “စစ်(…)တွေဘက်က လက်နက်ကြီးတွေနဲ့ ပြန်ပစ်တယ်ဗျ။ဒါပေမဲ့ ကျနော်တို့ဘက်က ​ပြောက်ကျားနည်းစနစ်ကို အသုံးပြုပြီး တိုက်ခိုက်ခဲ့တာဖြစ်လို့ ရဲဘော်တွေ အထိခိုက် အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်။” MRF အနေနဲ့ အကြမ်းဖက်စစ်တပ်နဲ့ သူတို့ရဲ့ ဒေါက်တိုင်တွေကို ဆက်လက်ချေမှုန်းသွာမှာ ဖြစ်လို့ […]

Most Read

2024-09-20 12:37:11