Breaking News >> News >> Democratic Voice of Burma


ကျိုက်ထိုတွင် စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရ


Link [2022-05-21 22:46:02]



မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ မေ ၂၁ ရက် မွန်းလွဲ ၁၂ နာရီခွဲလောက်က  စစ်ကောင်စီယာဉ်တန်းကို လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေး အင်အားစုက DVB ကို ပြောပါတယ်။ ပဲခူးတိုင်း၊ ဝေါမြို့နယ်ကနေ ကျိုက်ထိုဘက်ကို ဆင်းလာတဲ့ ကားအစီး ၃၀ လောက်ပါတဲ့ စစ်ကောင်စီယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းအဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီ ကားတစ်စီး လက်နက်ကြီး ထိမှန်ပြီး လမ်းဘေးထိုးကျသွားခဲ့ပြီး ထိခိုက်သေဆုံးတဲ့ အခြေအနေ အသေးစိတ်ကို မသိရသေးဘူးလို့ ကျိုက်ထိုတော်လှန်ရေး အင်အားစု တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ စစ်ကောင်စီယာဉ်တန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ပြီးနောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA […]

Most Read

2024-09-20 12:42:45