Breaking News >> News >> Democratic Voice of Burma


ရခိုင်ပြည်နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်ပြီး စစ်ဘေးရှောင်နေအိမ် ၂၀၀ ကျော်ပျက်စီး


Link [2022-05-21 22:46:02]



ရခိုင်ပြည်နယ်မှာ  မေလ ၂၁ ရက်  ဒီနေ့ မွန်းလွဲ ၁၂ နာရီ ကျော်လောက်က မိုးသက်လေပြင်းတိုက်ခတ်လို့  စစ်ဘေးရှောင်စခန်းတွေမှာ လူနေအိမ် ၂၀၀ ကျော်လောက် ပျက်စီးသွားတယ်လို့  စခန်းတာဝန်ခံတွေနဲ့ ဒေသခံတွေထံက သိရပါတယ်။ လေပြင်းတွေကြောင့် ဘူးသီးတောင်မြို့ရှိ လမ်းမကျောင်းစစ်ဘေးရှောင်စခန်း၊ မြတောင်စစ်ဘေးရှောင်စခန်းနဲ့ ရန်အောင်မြေ စစ်ဘေးရှောင်စခန်းက လူ နေအိမ် ၅၀ ကျော် ပြိုပျက်သွားခဲ့တယ်လို့  မြို့ခံတယောက်ဖြစ်တဲ့ ရခိုင့်ဦးဆောင်ပါတီ ( AFP)  ပါတီဝင် မောင်သာဖြူက ပြောပါတယ်။ “လေပြင်းကြောင့် စစ်ဘေးရှောင်စခန်းတွေက လူနေအိမ် ၅၀ ကျော်လောက်ပျက်စီးသွားတယ်။ စစ်ဘေးရှောင်နေအိမ်တွေက လေပြင်းတိုက်လို့မပြိုရင်လည်း အားလုံးပြုပြင်ရမယ့် အနေထားတွေမှာရှိတယ်။ နှစ်တွေလည်းကြာပြီ။  ဒီနေအိမ်တွေကလည်း ကိုယ်ထူကိုယ်ထ ဆောက်ထားကြတာ။” မြောက်ဦးမြို့နယ်ရှိ စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းမှာလည်း လေပြင်းတိုက်ခတ်လို့ လူနေဆောင် ၄၀ ကျော် […]

Most Read

2024-09-20 12:53:26