Breaking News >> News >> Democratic Voice of Burma


ရခိုင်ပြည်နယ်တွင် မိုးသက်လေပြင်းကြောင့် စက်လှေအချို့ နစ်မြုပ်


Link [2022-05-21 22:46:02]



ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ မေလ ၂၁ ရက် ဒီ နေ့လယ်  ၁၂ နာရီကျော်လောက်က မိုးသက်လေပြင်းတိုက်ခတ်လို့ ငါးဖမ်းစက်လှေတချို့နစ်မြုပ်ခဲ့သလို  မြေပုံမြို့နယ်မှာလည်း ခရီးသည်တင်စက်လှေ (လိုင်းဘုတ်) တစီးနစ်မြုပ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ မြေပုံမြို့နယ် င/ပသုန် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဘော်ကြီးက” ဟုတ်ပါတယ်။ လိုင်းဘုတ်နဲ့ ငါးဖမ်းဘုတ် ၄ စီးနှစ်မြုပ်တာ မှန်ပါတယ်။ လိုင်းဘုတ်က လူအသေအပျောက်မရှိသလို ငါးဖမ်းဘုတ် ၄ စီးကလည်း လူအသေအပျောက်မရှိပါဘူး။ အားလုံးနီးစပ်ရာငါးဖမ်းဘုတ်တွေက ကယ်ဆယ်လို့ရလိုက်ပါတယ်။”လို့ ပြောပါတယ်။ ငါးဖမ်းစက်လှေတွေဟာ မိုးသက်လေပြင်းမိပြီး နောင်တော်ကြီး နောင်တော်ငယ်မြစ်မှာ နှစ်မြုပ်ခဲ့တာဖြစ်ပြီး ကယ်ဆယ်ရေးအချိန်မီ ပြုလုပ်နိုင်ခဲ့ကြတာကြောင့် ခရီးသည်တွေ အသက်အန္တရယ်ကင်းရှင်းခဲ့ကြတာလို့ သိရပါတယ်။ ပင်လယ်ပြင်မှာလည်း  ငါးဖမ်းစက်လှေတချို့ နစ်မြုပ်တာရှိတယ်လို့ သတင်းတွေထွက်နေပေမဲ့ အတည်ပြုလို့တော့ မရနိုင်သေးပါဘူး။ လက်ရှိ အဆက်အသွယ်မရဖြစ်နေတဲ့ ငါးဖမ်းစက်လှေတွေ […]

Most Read

2024-09-20 12:57:22