Breaking News >> News >> Democratic Voice of Burma


မန္တလေးမြို့က စက်သုံးဆီဆိုင်ကြီးအချို့ ဆီပြတ်တောက်


Link [2022-05-21 22:46:02]



မန္တလေးမြို့က စက်သုံးဆီဆိုင်ကြီးတချို့မှာ အခုရက်ပိုင်း စက်သုံးဆီ ပြတ်တောက်နေတယ်လို့ မန္တလေးမြို့ခံတွေထံက သိရပါတယ်။ တချို့ဆီဆိုင်တွေမှာ 92 အမျိုးအစား စက်သုံးဆီသာရပြီး တချို့ဆီဆိုင်တွေမှာ 92 ရော 95 အမျိုးအစား စက်သုံးဆီပါ မရှိတော့တာကြောင့် ခေတ္တ အရောင်းရပ်နားထားကြတယ်လို့ သိရ ပါတယ်။  လက်လီရောင်းချတဲ့ ဆိုင်ကြီးတွေမှာ စက်သုံးဆီပြတ်တောက်မှု အနည်းငယ်ရှိလာပြီဖြစ်သလို ဈေးနှုန်းကလည်း မြင့်တက်လက်စဖြစ်နေတဲ့အတွက် မန္တလေးက အငှားယာဉ် မောင်းသူတွေဟာ အခက်အခဲကြုံတွေ့နေရပါတယ်။ မန္တလေးမြို့နေ အငှားယာဉ်မောင်းတစ်ဦးက”ကားသမားတွေဘက်ကလည်း ဆီဖိုးအတွက်ပဲ ကုန်နေရသလို ဖြစ်နေတယ်လေ”လို့ ပြောပါတယ်။ မန္တလေးမြို့တွင်းမှာတော့ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကတည်းက စက်သုံးဆီပြတ်တောက်နေတာဖြစ်ပြီး ဆီဆိုင်ဝန်ထမ်းတချို့ကို မေးမြန်းရာမှာ စက်သုံးဆီကား မဝင်သေးတဲ့အတွက် မရရှိသေးကြောင်းနဲ့ ဘယ်အချိန်မှာ စက်သုံးဆီရရှိမယ် ဆိုတာကိုလည်း မသိဘူးလို့ဆိုပါတယ်။  စက်သုံးဆီရရှိတဲ့ဆိုင်တွေမှာတော့ ဆီပန့်ကောင်တာကို အနည်းငယ်စီသာဖွင့်လှစ်ထားပြီး ဆီရောင်းချပေးနေတာကြောင့် […]

Most Read

2024-09-20 12:49:07