Breaking News >> News >> Democratic Voice of Burma


ဆေးတက္ကသိုလ်ဝင်ခွင့်ခေါ်ယူ၊ နိုင်ငံ့တာဝန်ထမ်းဆောင်ရန် ပျက်ကွက်ပါက ကျပ်သိန်း ၆၀၀ လျော်ကြေးပေးရမည်


Link [2022-04-27 09:19:22]



စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနက ဆေးတက္ကသိုလ်ဝင်ခွင့်တွေ ခေါ်ယူနေပြီး နိုင်ငံ့တာဝန်ထမ်းဆောင်ဖို့ ပျက်ကွက်သူတွေကို တလအတွင်း ငွေကျပ်သိန်း ၆၀၀ လျော်ကြေးပေးရမှာဖြစ်တယ်လို့ ကတိခံဝန်စာချုပ်ချုပ်ဖို့ တပါတည်း ထုတ်ပြန်ထားတဲ့ ကြေညာချက်တစောင် အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်တုန်းက တက္ကသိုလ်ဝင်စာမေးပွဲအောင်ခဲ့ပြီး ဆေးတက္ကသိုလ် တက်မယ့်သူတွေကို ခေါ်ယူနေတာဖြစ်ကာ ကျောင်းပြီးသွားတဲ့အချိန်မှာ နိုင်ငံတာဝန်ကို ၅ နှစ် ထမ်းဆောင်ရမှာဖြစ်တယ်လို့ ထုတ်ပြန်ထားတာပါ။ ဒီစည်းကမ်းချက်ကို ဖောက်ဖျက်ရင် အထွေထွေဆေးကုသခွင့်လိုင်စင် (ဆမ)လည်း ရရှိမှာမဟုတ်သလို လျော်ကြေးငွေကိုလည်း တလအတွင်း ပေးလျော်ရမှာဖြစ်တယ်လို့ အဆိုပါ ကတိဝန်ခံချက်စာချုပ်မှာ ဖော်ပြထားပါတယ်။ မြန်မာတနိုင်ငံလုံးမှာတော့ ရန်ကုန်ဆေးတက္ကသိုလ် ၁၊ ဆေးတက္ကသိုလ် ၂၊ မန္တလေးဆေးတက္ကသိုလ်၊ မကွေးဆေးတက္ကသိုလ်နဲ့ တောင်ကြီးဆေးတက္ကသိုလ် ၅ ကျောင်းရှိကာ ပြီးခဲ့တဲ့ ကိုဗစ်-၁၉ ကပ်ဘေးကာလ […]

Most Read

2024-09-20 13:05:40