Breaking News >> News >> Democratic Voice of Burma


စစ်ခေါင်းဆောင်တက်ခွင့်မရသည့် အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှ ဖိအားပိုတိုးလာနိုင်


Link [2022-04-27 09:19:22]



လာမယ့် မေလဒုတိယအပတ်မှာ ကျင်းပမယ့် အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲက စစ်ကောင်စီအတွက် ဖိအားတွေ ပိုဖြစ်လာနိုင်တယ်လို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ် ပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် တက်ခွင့်မရတဲ့ အမေရိကန်-အာဆီယံထိပ်သီးဆွေးနွေးပွဲကို လာမယ့် မေလ ၁၂ ရက်မှ  ၁၃ ရက် အထိ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ ကျင်းပသွားမှာပါ။  အဲဒီဆွေးနွေးပွဲမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ သေချာပေါက်ဆွေးနွေးမယ်ဆိုတာကို မှန်းဆလို့ရ သလို စစ်ကောင်စီအတွက်တော့ ဖိအားတွေ ပိုတိုးလာလိမ့်မယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။ ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUGကို တရားဝင်အသိအမှတ်ပြုရေးလမ်းကြောင်းကလည်း နောက်တဆင့်  ရှေ့တိုးလာနိုင်တယ်လို့လည်း သုံးသပ်ပါတယ်။ “အန်ယူဂျီ အစိုးရကို နိုင်ငံတကာက အသိအမှတ်ပြုတဲ့အဆင့်တဆင့်အထိ ဖြစ်စေနိုင်တာပေါ့ဗျာ။ ဒါပေမဲ့ အဲဒီလောက်အထိ ဖြစ်လာနိုင်သလားဆိုတာ ပြောရတာတော့ ခက်ပါတယ်။ အဲတော့ ဖိအားတွေတော့ […]

Most Read

2024-09-20 12:38:25