Breaking News >> News >> Democratic Voice of Burma


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ရွှေနှင့်ဒေါ်လာအမှုဖြင့်စွပ်စွဲပြီး ထောင်ဒဏ် ၅ နှစ် ထပ်ချ


Link [2022-04-27 09:19:22]



နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီတရားရုံးက ဧပြီ ၂၇ ရက် ရုံးချိန်းမှာ အဂတိအမှုနဲ့ ထောင်ဒဏ် ၅ နှစ် ထပ်မံချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ဒီနေ့ရုံးချိန်းမှာ ရှေ့နေအဖွဲ့ဟာ နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ခွင့်မရခဲ့ဘဲ မနက် ၉ နာရီခွဲအချိန်မှာ တရားသူကြီးက အမိန့်ချခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီက အမေရိကန်ဒေါ်လာ ၆ သိန်း၊ ရွှေ ၇ ပိသာ လက်ခံရယူခဲ့တယ်လို့  စစ်ကောင်စီကစွပ်စွဲပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ တရားစွဲဆိုခဲ့တာပါ။ ဒီအမှုနဲ့ပတ်သက်လို့ ရန်ကုန်တိုင်း၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း ထွက်ဆိုခဲ့တာတွေနဲ့ ပတ်သက်ပြီး “All Absurd” အားလုံးဟာ မဟုတ်တမ်းတရားတွေလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  ငြင်းဆိုထားဖူးပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် […]

Most Read

2024-09-20 12:46:46