Breaking News >> News >> Democratic Voice of Burma


ရုရှားနှင့် ယူကရိန်း အွန်လိုင်းအစည်းအဝေးကျင်းပ ဆွေးနွေးညှိနှိုင်းနေဟု သမ္မတပူတင်ပြော


Link [2022-04-27 09:19:22]



ရုရှားနဲ့ ယူကရိန်းတို့ကြားမှာ အွန်လိုင်းအစည်းအဝေးတွေ ပြုလုပ်ပြီး ဆွေးနွေးညှိနှိုင်းနေတယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောပါတယ်။ ရုရှားနိုင်ငံ မော်စကိုမှာ ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်နဲ့ တွေ့ဆုံစဉ်မှာ အခုလို ပြောလိုက်တာပါ။ ဒါပေမဲ့ ယူကရိန်းနဲ့ ညှိနှိုင်းမှုတွေဟာ အခုစစ်ဖြစ်နေရတဲ့ အကြောင်းရင်းဖြစ်တဲ့ နယ်နိမိတ် ကိစ္စတွေ မဖြေရှင်းနိုင်ဘဲနဲ့တော့ အပြီးသတ်နိုင်မှာ မဟုတ်ဘူးလို့ ပူတင်က သတိပေး ပြောကြားပါတယ်။ ၂၀၁၄ ခုနှစ်မှာ ရုရှားက ကျူးကျော်သိမ်းပိုက်ခဲ့တဲ့ ခရိုင်းမီးယားဒေသ၊ ယူကရိန်းနယ်မြေထဲမှာ ခွဲထွက်ရေးသမားတွေက ပြည်သူ့သမ္မတနိုင်ငံတွေလို့ ကြေညာထားပြီး ရုရှားက အသိအမှတ်ပြုထားတဲ့ ဒွန်းဘက်စ်ဒေသတွေကို ရည်ညွှန်းပြီး ပူတင်က ပြောတာပါ။ ဒီလို တွေ့ဆုံစဉ်မှာပဲ ပူတင်က တိုက်ပွဲဖြစ်နေတဲ့ မာရီယူပိုမြို့မှာရှိတဲ့ အာဇော့စတယ် သံမဏိစက်ရုံထဲ ပိတ်မိနေတဲ့ အရပ်သားတွေကို ICRC […]

Most Read

2024-09-20 12:57:24