Breaking News >> News >> Democratic Voice of Burma


သတိုးအရူးနဲ့ သင်းကွပ်ခံနွား


Link [2022-04-27 09:19:22]



“ဟယ်… သတိုး အရူး…။ စစ်တို့၏ သဘောတွင် သစ္စာမှန်သည်ရှိဖူးသလော..။ ငါ့ကိုနင်ရလည်းသတ်မည်။ နင့်ကို ငါရလည်းသတ်မည်။ စစ်အတွင်းမှာ ပြုသည့်သစ္စာသည် သစ္စာကို ဖြောင့်မှန်သည်ဟု မင်းယုံမည်လော…။” ဒီ စကားကိုပြောခဲ့သူက လဂွမ်းအိမ်ပါ။ နိုင်ပန်းလှရဲ့ ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း”ထဲက ကောက်နုတ်ထားတာ။  အားလုံးသိပြီးသားသမိုင်အဖြစ်အပျက်တခုပါပဲ။ ဒါပေမဲ့ ဇာတ်ရည်လည်အောင်တော့ အနည်းငယ်ပြန်ပြော ပါရစေ။ အင်းဝနဲ့ ဟံသာဝတီ နှစ်ဘက်စစ်ဖက်ပြုစဉ်အချိန်ကပေါ့။ နှစ်ရှည်ကြာစစ်ဖက်ပြုကြရင်း အင်းဝမင်းခေါင်နဲ့ ဘုရင်ရာဇာဓိရာဇ်တို့ ရင်ကြားစေ့ဖို့ အဝဘက်က အင်းပဲသူကြီးဆိုသူကို စေလွှတ်စကားဆိုစေတာပေါ့။ ရာဇာဓိရာဇ်က သူ့မူးမတ်တွေကို အခြေနေစုံပြောပြပြီး သဘောထားကိုအမေးရှိတာပေါ့။ သူက..“ဘုရင်မင်းခေါင်သည် မြသီတင်းဘုရားရင်ပြင်တွင် ငါနဲ့သစ္စာဆိုခဲ့ပြီးသည်ကို ဖောက်ပြန်၍ အလုံးအရင်း ဆင်၊ မြင်းများစွာနဲ့ချီလာသည်။ ဟံသာဝတီပြည်ကို အရယူမည်ကြံသည်။ ယခုငါတို့ကို မတိုက်နိုင်။ ရိက္ခာပြတ်၍ ငတ်မွတ်တော့မည့်အရေးကို တွေးတောကြောက်သဖြင့် နှစ်ဖက်သောမှူးမတ်ကြီးငယ်များအား အချင်းချင်းသစ္စာပြုစေလိုသည်ဟု […]

Most Read

2024-09-20 12:55:47