Breaking News >> News >> Democratic Voice of Burma


စစ်တပ်က မှန်တောရွာနေအိမ်များအားမွှေနှောက်ပြီး ဆန်နှင့်ပစ္စည်းများယူ၊ ဇင်ကလဲကျေးရွာကို မီးရှို့


Link [2022-04-26 16:34:03]



စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း မှန်တောရွာထဲကို ဧပြီ ၂၆ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ဝင်ရောက်မွှေနှောက်ပြီး စားနပ်ရိက္ခာအပါအဝင် ပစ္စည်းတွေ ယူဆောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေဟာ မှန်တောရွာထဲ ဧပြီ ၂၅ ရက်နေ့က ခြေလျင် ဝင်ရောက်လာကြပြီးနောက် ဆန်စပါးတွေ၊ အသုံးအဆောင်ပစ္စည်းတွေ၊ ပရိဘောဂတွေ၊ ပျဥ်တိုပျဥ်စတွေ၊ မော်တော်ဆိုင်ကယ်၊ တိရစ္ဆာန်တွေသာမက တံမြက်စည်းတွေပါမကျန် ဖောကား ၆ စီးဖြင့်  ခေါက်တုံ့ခေါက်ပြန် ခိုးယူသယ်ဆောင်သွားကြပြီး ဒီနေ့လည်း ထပ်မံဝင်ရောက် မွှေနှောက်နေကြတာလို့ ဆိုပါတယ်။ “တိုက်ပွဲရှောင်နေရတာဆိုတော့ ရွာထဲ လူတွေမနေရဲကြတော့ဘူး။ ပစ္စည်းတွေတော့ ယူပါစေတော့ ဘယ်တတ်နိုင်မလဲ။ ယူစရာပစ္စည်းမရှိတော့ရင် အိမ်တွေ မီးရှို့ပစ်ခဲ့ကြမှာ စိုးရိမ်နေရတယ်” လို့ မှန်တောရွာသားတဦးက ဒီဗွီဘီကို‌ ပြောပါတယ်။ မှန်တောရွာဟာ အိမ်ခြေ ၃၀၀ […]

Most Read

2024-09-20 12:24:34