Breaking News >> News >> Democratic Voice of Burma


အယုဒ္ဓယတွင် မြန်မာအပါအဝင် တရားမဝင်လုပ်သား ၇၅ ဦးကို ထိုင်းရဲ ဖမ်းဆီး


Link [2022-04-26 16:34:03]



ထိုင်းနိုင်ငံ၊ အယုဒ္ဓယစက်မှုဇုန် အလုပ်သမားစခန်းထဲမှာ မြန်မာလုပ်သားတွေ အပါအဝင် တရားမဝင် ရွှေ့ပြောင်းလုပ်သား ၇၅ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ ဒေသတွင်း တာဝန်ရှိသူတွေ၊ နယ်မြေခံ ကာကွယ်ရေး စေတနာ့ဝန်ထမ်းတွေနဲ့ အထူးစစ်ဆင်ရေးအဖွဲ့တို့ ပူးပေါင်းပါဝင်တဲ့အဖွဲ့က နောင်နမ့်ဆမ်စက်မှုဇုန်ထဲကို ဒီကနေ့ ဧပြီ ၂၅ ရက် မနက် ၆ နာရီခွဲလောက်မှာ ဝင်ရောက်စစ်ဆေးခဲ့ချိန်မှာ ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။ စစ်ဆေးချိန်မှာတော့ အလုပ်သမားစခန်းထဲမှာ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေက ရွှေ့ပြောင်းလုပ်သားတွေ ပါဝင်နေပြီး သူတို့ထဲက ၁၁ ယောက်ကသာ နိုင်ငံတွင်း တရားဝင် ဝင်ရောက်လာပြီး အလုပ်လုပ်ကိုင်ခွင့် အထောက်အထားရှိပြီး ကျန်တဲ့ ၇၅ ယောက်ကတော့ ဘာအထောက်အထားမှ မရှိသူတွေဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ လက်ရှိမှာတော့ သူတို့ကို […]

Most Read

2024-09-20 13:05:03