Breaking News >> News >> Democratic Voice of Burma


ပြည်သူ့ဘက်ရပ်တည်ပေးရန် မုံရွာတရားရုံးများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ သတိပေး


Link [2022-04-26 12:53:02]



စစ်ကိုင်း မုံရွာမြို့က တရားရုံးတွေ စစ်ကောင်စီအလိုကျ တရားစီရင်ရေး အသက်သွင်းလည်ပတ်နေတဲ့ လုပ်ရပ်တွေကို ရပ်တန်းကရပ်ပြီး ပြည်သူ့ဘက်က ရပ်တည်ပေးဖို့ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MPDF နဲ့ မုံရွာဒေသခံပြောက်ကျားတပ်ဖွဲ့တွေက ဧပြီ ၂၅ ရက်နေ့ ရက်စွဲနဲ့ ပူးတွဲသတိပေးကြေညာချက်ထားပါတယ်။ မုံရွာမြို့ရှိ တရားရုံးတွေဟာ စစ်ကောင်စီရဲ့ဩဇာခံအဖြစ် ရပ်တည်နေကြသလို ပြည်သူလူထုအပေါ် မတရားစွပ်စွဲပြစ်တင်မှုတွေ လက်ခံဆောင်ရွက်နေပြီး ဥပဒေနဲ့မညီတဲ့ အပြစ်ပေးအရေးယူမှုများစွာလည်း ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက “တချို့ ပြည်သူတွေဆိုရင် မတရားစွပ်စွဲခံရပြီး ရုံးတင်ခံရတယ်။ ဒါလည်း စစ်ကောင်စီအလိုကျ တရားရုံးက စွဲချက်တင်ပြီး ဆက်စစ်တယ်။ အဲဒီနောက် အမှန်တရားနဲ့ ဥပဒေဆိုတာကို မျက်ကွယ်ပြုပြီး မတော်မတရားပြစ်ဒဏ်အမိန့်တွေ ချတာရှိတယ်။ အခု လွတ်လပ်တဲ့ တရားစီရင်ရေးဟာ စစ်ကောင်စီရဲ့ လက်ကိုင်တုတ်ဖြစ်နေသလို တရားရုံးမှာလည်း စစ်ကောင်စီရဲ့ ကြိုးဆွဲရာ […]

Most Read

2024-09-20 12:26:59