Breaking News >> News >> Democratic Voice of Burma


စားသုံးဆီ စျေးတင်ရောင်းချ၊ သိုလှောင်သူများကို အရေးယူမည်ဟု စစ်ကောင်စီ သတိပေး


Link [2022-04-26 12:53:02]



စားအုန်းဆီကို ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချတာ၊ ဈေးကစားဖို့ သိုလှောင်တာနဲ့ မသမာမှုတွေ လုပ်ဆောင်မယ်ဆိုရင် အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူမယ်လို့ စစ်ကောင်စီက သတိပေးထုတ်ပြန် ထားပါတယ်။ ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံရဲ့ စားအုန်းဆီတင်ပို့မှု ရပ်ဆိုင်းတဲ့ အပေါ်  စိုးရိမ်စရာမလိုကြောင်းနဲ့ လက်ရှိမှာ စားအုန်းဆီလက်ကျန်တန်ချိန် ၃၁,၀၀၀ ကျော်၊ ပိဿာချိန် ၁၉ သန်းကျော် ကျန်ရှိပြီး ပြည်တွင်းစားသုံးဖို့ လုံလောက်မှုရှိကြောင်းကိုလည်း အသိပေးထုတ်ပြန်ထားတာပါ။ ကမ္ဘာ့ထိပ်တန်း စားအုန်းဆီ ထုတ်လုပ်တင်ပို့တဲ့ အင်ဒိုနီးရှားက သူ့နိုင်ငံတွင်း ဖူလုံဖို့နဲ့ စျေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်ဖို့ ရည်ရွယ်ပြီး ပြည်ပနိုင်ငံတွေဆီ စားအုန်းဆီ တင်ပို့မှုကို ရပ်ဆိုင်းသွားဖို့ စီစဥ်နေကြောင်း ကြေညာထားပါတယ်။ အဲဒီကြေညာချက် ထွက်လာပြီးနောက်  ပြည်တွင်းစျေးကွက်မှာ  စားအုန်းဆီ အပါအဝင် တခြား စားဆီ စျေးနှုန်းတွေလည်း ဈေးနှုန်းမြင့်တက်လာခဲ့ပါတယ်။ […]

Most Read

2024-09-20 14:44:42