Breaking News >> News >> Democratic Voice of Burma


စစ်​ကောင်စီဒုတပ်ကြပ် ၁ ဦး ကျည်ဆန်များနှင့်အတူ အလင်းဝင်၊ ဩဇီတွင် ခိုလှုံခွင့်ရလိုဟုဆို


Link [2022-04-26 12:53:02]



စစ်ကောင်စီတပ်ဘက်က ဒုတပ်ကြပ်တယောက် ကျည်ဆန်တွေနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ စီးယင်း ပြည်သူ့ကာကွယ်ရေး ပြည်သူ့စစ် Civic Defense Militia -CDM -Siyin က သတင်းထုတ်ပြန်ပါတယ်။ အဆိုပါ ဒုတပ်ကြပ်ဟာ ၂၀၁၂ ခုနှစ်ကတည်းက စစ်ကောင်စီတပ်ထဲမှာ စတင်တာဝန်ထမ်းဆောင်ခဲ့ကာ ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်မှာတော့ စစ်အာဏာရှင် ဆန့်ကျင်ကာ CDM ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ အဆိုပါတပ်မ​တော်သားက မိခင်နဲ့ တွေ့ဆုံလိုပြီး ဩစတြေးလျနိုင်ငံမှာ ခိုလှုံခွင့်ရချင်တယ်လို့ ပြောထားကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်တုန်းကလည်း ကလေးမြို့က တပ်ကြပ်ကြီးစာရေးတယောက်ဟာ ဇနီးဖြစ်သူနဲ့အတူ ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့ကြောင်းလည်း စီးယင်း ပြည်သူ့ကာကွယ်ရေး ပြည်သူ့စစ် Civic Defense Militia -CDM -Siyin […]

Most Read

2024-09-20 14:32:00