Breaking News >> News >> Democratic Voice of Burma


ငပုတောတွင် ဇနီးအား စစ်တပ်က ဖမ်းဆီးသွားပြီးနောက် ခင်ပွန်းဖြစ်သူ ဆွဲကြိုးချသေဆုံး


Link [2022-04-26 11:32:48]



ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးမြို့မှာ ဧပြီ ၂၅ ရက်‌နေ့က မိန်းမဖြစ်သူအား စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် ခင်ပွန်းဖြစ်သူ ဆွဲကြိုးချသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ငါးပြေးမကျေးရွာအုပ်ချုပ်ရေးမှူး အသတ်ခံရတာနဲ့ပတ်သက်ပြီး ဇနီးဖြစ်သူ ဒေါ်ကုလားမစိန်ကို စစ်ကောင်စီ တပ်သားတွေက ၂ ကြိမ်ဖမ်းဆီးခဲ့တာကြောင့် မွန်းတည့် ၁၂ နာရီလောက်မှာ ခင်ပွန်းဖြစ်တဲ့ ဦးမောင်စိန်အောင် ဆွဲကြိုးချသေဆုံးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။ “သူ့မိန်းမကို ၁၉ ရက်နေ့က ဖမ်းတယ်။ ၂၂ ရက်နေ့မှာ ပြန်လွှတ်တယ်။ ပြီးတော့ မနေ့က ၂၅ ရက်နေ့မှာ ထပ်လာဖမ်းတော့ သူ မခံနိုင်တော့လို့ အဲဒီလို လုပ်သွားတယ်ထင်တယ်။ ကြောက်တာလည်း ပါမှာပေါ့”လို့ ဒေသခံတဦးက ပြောပါတယ်။ ဒေါ်ကုလားမစိန်ကို လာဖမ်းတဲ့အချိန်မှာ စစ်ကောင်စီတပ်သားတွေက ရွာထဲ မူးရူးပတ်ဆဲပြီး ခြိမ်းခြောက်တာတွေလည်း ပြုလုပ်ခဲ့လို့ […]

Most Read

2024-09-20 14:43:41