Breaking News >> News >> Democratic Voice of Burma


ပုလဲမြို့နယ် ကျားသစ်နက်အဖွဲ့ထံ စစ်ကောင်စီတပ်သား ၁ ဦး အလင်းဝင်


Link [2022-04-26 11:32:48]



ပုလဲမြို့နယ် ပြည်သူကာကွယ်ရေးကျားသစ်နက်အဖွဲ့ဆီ ဧပြီ ၂၆ ရက် မနက် ၉ နာရီလောက်က မန္တလေးနန်းတွင်း အမှတ်-၁၂၁ တပ်ရင်းက စစ်သားတယောက် အလင်းဝင်လာတယ်လို့ ကျားသစ်နက်အဖွဲ့က ပြောပါတယ်။ အလင်းဝင်းရောက်လာတဲ့ ကိုကျော်ဇင်အောင်က “အမည်က ကျော်ဇင်အောင်ပါ။ သင်တန်းကျောင်း – ၁၁ လာရှိုးသင်တန်းကျောင်း ဆင်းပါ။ ကိုယ်ပိုင်အမှတ်တ/၅၆၁၅၁၁ဖြစ်တယ်။ လုပ်သက်က ၃ နှစ်ကျော်ကျော်ပဲရှိသေးတယ်။ အခုလို အလင်းဝင်ရောက်တာဟာ ပြည်သူပေါ် အနိုင်ကျင့်တာကို ဆက်မလုပ်နိုင်လို့  ဝင်ရောက်လာတယ်” လို့ ပြောပါတယ်။ လက်ရှိအချိန်မှာ ကျားသစ်နက်အဖွဲ့အနေနဲ့ အလင်းဝင်ရောက်လာတဲ့ စစ်သားအား အမျိုးသား ညီညွတ်ရေးအစိုးရ CDM ဌာနကို ဆက်သွယ်ဆောင်ရွက်ပြီး ပြည်သူတွေနဲ့ အခုလို ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အတွက် ထိုက်တန်တဲ့ ဆုကြေးငွေပေးဖို့ စီစဉ်နေတယ်လို့ ကျားသစ်နက်တာဝန်ရှိသူက ပြောပါတယ်။ အဆိုပါ အလင်းဝင်လာတဲ့ […]

Most Read

2024-09-20 14:51:18