Breaking News >> News >> Democratic Voice of Burma


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ်စွပ်စွဲထားသည့် ရွှေနှင့် ဒေါ်လာအမှု အမိန့်ချမည့်ရက် ရွှေ့ဆိုင်း


Link [2022-04-26 11:32:48]



နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ်  စစ်ကောင်စီက စွပ်စွဲထားတဲ့  ရွှေနဲ့ ဒေါ်လာအမှု ဒီနေ့ ဧပြီ ၂၆ ရက်မှာ  အမိန့်ချမယ်လို့ ချိန်းဆိုထားပေမယ့် မနက်ဖြန် ဧပြီ ၂၇ ရက်နေ့ကို ရွှေ့ဆိုင်းလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။ ရန်ကုန်တိုင်း၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီကနေ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အမေရိကန်ဒေါ်လာ ၆ သိန်း၊ ရွှေ ၇ ပိဿာ ယူတယ်လို့ စွပ်စွဲပြီး စစ်ကောင်စီက  အဂတိမှုနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။ “အမိန့်ချဖို့ မနက်ဖြန်(ဧပြီ ၂၇ ရက်နေ့) ကို ရွှေ့ဆိုင်းချိန်းဆိုလိုက်တယ်။ ဘာလို့ ရွှေ့တယ်ဆိုတာတော့ မသိရဘူး” လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့ ရန်ကုန်တိုင်း၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း ထွက်ဆိုခဲ့တာတွေနဲ့ ပတ်သက်ပြီး “All Absurd” အားလုံးဟာ […]

Most Read

2024-09-20 14:40:04