Breaking News >> News >> Democratic Voice of Burma


မြစ်ကြီးနားမြို့ အောင်မြင်သာအပန်းဖြေစခန်းက ဈေးဆိုင်များ မီးလောင်


Link [2022-04-26 11:32:48]



ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အောင်မြင်သာ အပန်းဖြေစခန်းမှာ ဧပြီ ၂၆ မနက်ပိုင်းက စျေးဆိုင်ခန်းတဲတွေ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွကေ စျေးဆိုင် သုံးဆိုင်က အပန်းဖြေတဲပေါင်း ၂၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ စျေးဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။ မီးလောင်ခံခဲ့ရတဲ့ ဈေးဆိုင်ပိုင်ရှင်တဦးက “မနက် ၄ နာရီလောက်က စလောင်တာ။ ဈေးဆိုင် ၃ ဆိုင်ရဲ့ အပန်းဖြေတဲ ၂၀ ကျော် မီးထဲပါသွားတယ်။ ချက်ပြုတ်တဲ့ မီးဖိုချောင်တခုလည်း ပါသွားတယ်။  ထိုင်တဲ့စားပွဲခုံတွေလည်း မီးထဲပါသွားတယ်။ ရွာက လူတွေ ဝိုင်းငြိမ်းသတ်ကြတယ်။  အဲဒီအချိန် လေတိုက်တာများ နေတဲ့အတွက် အဲဒီလောက်ကို လောင်သွားတာ” လို့ ပြောပါတယ်။ မီးလောင်ဆုံးရှုံးခဲ့တဲ့ အပန်းဖြေတဲတွေဟာ ကာလတန်ကြေး ၁ သိန်းခွဲဝန်းကျင်လောက် ရှိတယ်လို့ လည်း သိရပါတယ်။ […]

Most Read

2024-09-20 14:58:05