Breaking News >> News >> Democratic Voice of Burma


တိုက်ပွဲကြောင့် ခလယ်-တံခွန်တိုင်ကျေးရွာသားများ မုဒုံမြို့နယ်ထဲ ထွက်ပြေးတိမ်းရှောင်


Link [2022-04-26 11:32:48]



ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင်ကျေးရွာမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲ တွေကြောင့် ဒေသခံရွာသားတွေဟာ မုဒုံမြို့နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မုဒုံမြို့ခံတယောက်က ပြောပါတယ်။ စစ်ဘေးရှောင်တွေဟာ မုဒုံမြို့နယ်ထဲက ဘုန်းကြီးကျောင်းတွေနဲ့ ဆွေမျိုးတွေဆီ ထွက်ပြေး လာကြတာဖြစ်ပြီး ဧပြီ ၂၅ ရက် ညပိုင်းအထိ ဆက်တိုက်ထွက်ပြေးနေရကာ စုစုပေါင်း ၁၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ စစ်တပ်က မုဒုံ-ကြာအင်းဆိပ်ကြီးလမ်းတလျှောက်ကျေးရွာတွေမှာ ရွာသားတွေကို ပေါ်တာဆွဲ နေတာကြောင့် ရော်ဘာခြံအလုပ်သမားတွေ အခက်အခဲတွေ့နေရတယ်လို့ မုဒုံမြို့ခံ တယောက်က ပြောပါတယ်။ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုတွင်းက  ဒေသခံ ကျေးရွာသား ၃ဝ ကျော်လောက်ကို ဧပြီ ၂၅ ရက် မနက် ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ ဧပြီ ၂၃ ရက်နက ခလယ်-တံခွန်တိုင်ကျေးရွာအနီး ရဲစခန်းအနီးမှာ […]

Most Read

2024-09-20 14:42:15