Breaking News >> News >> Democratic Voice of Burma


ပုသိမ်မြို့ရှိ ကညနရုံး ဒုတိယအကြိမ် ဗုံးပေါက်ကွဲ


Link [2022-04-26 09:21:03]



ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၁၃ ရပ်ကွက်မှာရှိတဲ့ ပုသိမ်မြို့နယ် ကညနရုံးရှေ့မှာ ဧပြီ ၂၆ ရက် မနက် ၇ နာရီလောက်က သတိပေးတဲ့အနေနဲ့ ဗုံးဖောက်ခွဲခဲ့တယ်လို့ ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။  “မနက် ၇ နာရီလောက်မှာခွဲတာ အစောပိုင်းသတိပေးတဲ့အနေနဲ့ ခွဲတာဆိုတော့ လူထိခိုက်တာမျိုး မရှိဘူး။ ရုံးရှေ့ မျက်နှာစာမှာပဲခွဲတာ”လို့ ပြောက်ကျားတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။  ပုသိမ်မြို့နယ်ကညနရုံးဟာ စစ်အုပ်စုကို အပြည့်အဝထောက်ခံနေပြီး ဝင်ငွေရှာပေးနေတဲ့ ဒေါက်တိုင်တစ်ခုဖြစ်တာကြောင့် ခုလိုသတိပေးတဲ့အနေနဲ့ ဒုတိယအကြိမ် ဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။ ပုသိမ်မြို့မှာ ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့ကလည်း စစ်ကောင်စီဗဟိုမဏ္ဍပ်အနီး ဗုံးကွဲခဲ့ပါသေးတယ်။

Most Read

2024-09-20 14:57:32