စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်မှာ ဧပြီ ၂၅ ရက်နေ့လယ် ၁ နာရီလောက်က စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တို့ ကမ်းပြည့်ကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ PDF တပ်ဖွဲ့က ပြောပါတယ်။ MKPDF တပ်ရင်း -၂ ၊ တပ်ခွဲ ၁ အဖွဲ့က ပဒေသာမိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီအဖွဲ့ ၁၅ ယောက်လောက် ကျဆုံးနိုင်သလို ဒဏ်ရာရရှိသူတွေလည်း များနိုင်တယ်လို့ PDF ခေါင်းဆောင်တယောက်က ပြောပါတယ်။ တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ မင်းကင်းမြို့ပေါ်မှာတပ်စွဲနေထိုင်တဲ့အဖွဲ့ဖြစ်ပြီး ကလေးဝဘက်ကနေတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို အကြိုသွားစဥ် မင်းကင်း – မြို့မ လမ်းပိုင်း ကမ်းပြည့်ကျေးရွာအနီးမှာ ဒေသခံ PDF အဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာလို့ ဆိုပါတယ်။ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကမ်းပြည့်ကျေးရွာအတွင်းကို စစ်ကောင်စီတပ်တွေ ဝင်ရောက်မွှေနှောက်နေတာကြောင့် […]