Breaking News >> News >> Democratic Voice of Burma


မုံရွာမြို့တွင် ဆိုင်ကယ်မောင်းလာသည့် လူငယ် ၁ ဦးကို စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်ဖမ်းဆီး


Link [2022-04-24 18:33:41]



မုံရွာမြို့ ရေကူးကန်လမ်းနဲ့ သာစည်လမ်းထောင့်မှာ ဧပြီ ၂၄ ရက် နေ့ခင်းပိုင်းက ဆိုင်ကယ်နဲ့ ကားတွေကို စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်မောင်းနှင်လာတဲ့ လူငယ်တဦးကို ပစ်ခတ်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ မုံရွာမြို့ခံတဦးက “စစ်ကောင်စီတပ်တွေက မနက်ကတည်းက စစ်နေတာ။ ဆိုင်ကယ်ရော၊ ကားရောပဲ။ ဆိုင်ကယ်တွေကို Too Box တွေ လှန်စစ်နေတာ၊ ဟိုလူငယ်က မောင်းသွားတော့ ပစ်ဖမ်းခံရတာ။ မနက်ကတည်းက ဇလုပ်ဝိုင်းပတ်ဘက်မှာရော အစစ်ဆေးကြမ်းနေတယ်။ တချို့ ဆိုင်ကယ်တွေဆို ပိုက်ဆံရစ်တောင်းခံတာ၊ ကားတွေဆိုလည်း ပိုက်ဆံမပေးရင် ပြဿနာရှာခံရတယ်” လို့ ပြောပါတယ်။ သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခံရတဲ့ လူငယ်ကတော့ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်က ကိုသက်ဦးမောင်ဖြစ်ပြီး မိသားစုနဲ့ အဆက်သွယ်မရဖြစ်နေလို့ သိရပါတယ်။ မုံရွာမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလပိုင်းကလည်း သာစည်လမ်းမှာ […]

Most Read

2024-09-20 14:42:45