Breaking News >> News >> Democratic Voice of Burma


အာမေးနီးယားတွင် အစုအပြုံလိုက်အသတ်ခံရသူများအတွက် အောက်မေ့ခြင်း ဆန္ဒပြပွဲလုပ်


Link [2022-04-24 14:13:12]



အော်တိုမန်အင်ပါယာခေတ်က အစုလိုက်အပြုံလိုက် အသတ်ခံလိုက်ရတဲ့ ခရစ်ယာန် ဘာသာဝင် အာမေနီယံတွေကို အောက်မေ့ခြင်း အထိမ်းအမှတ် ဆန္ဒပြပွဲကို အာမေးနီယားနိုင်ငံမြို့တော် ယီရာဗန်မှာ ဧပြီ ၂၃ ရက်က ပြုလုပ်ခဲ့ကြပါတယ်။  ထောင်သောင်းချီတဲ့ ဆန္ဒပြသမားတွေဟာ  တူရကီနဲ့ အဇာဘိုင်ဂျန် အလံတွေကို မီးရှို့ခဲ့ကြ ပါတယ်။  ပထမကမ္ဘာစစ်တုန်းကဖြစ်ခဲ့တဲ့ ဒီအဖြစ်အပျက်မှာ အာမေနီယံတွေ ၁ သန်းခွဲလောက် အသတ်ခံလိုက်ရပြီး ဒါကို လူမျိုးတုံး သတ်ဖြတ်မှုအဖြစ် ရှူ့မြင်ထားကြတာပါ။  အဲဒီအချိန်က အော်တိုမန် အင်ပါယာလက်အောက် ကျရောက်နေတဲ့ အာမေနီယန်ကို အော်တိုမန်တပ်တွေက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်ဆိုတာကို တူရကီက လက်ခံ ပေမယ့် အရေအတွက်ကိုတော့ အငြင်းပွားနေဆဲပါ။ လူမျိုးတုံး သတ်ဖြတ်မှု မြောက်တယ်ဆိုတာကိုလည်း လက်မခံပါဘူး။  ခရစ်ယာန်ဘာသာဝင် အများစု ပါဝင်တဲ့ အာမေးနီယန်တွေကို လူမျိုးတုံးသတ်ပစ်ဖို့ စီမံချက်နဲ့ […]

Most Read

2024-09-20 14:48:00