Breaking News >> News >> Democratic Voice of Burma


ဝက်လက်အရှေ့ပိုင်းကို စစ်ကောင်စီတပ်အင်အားရာချီဝင်လာသဖြင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်


Link [2022-04-24 14:13:12]



စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ် အရှေ့ပိုင်းကျေးရွာတွေကို စစ်ကောင်စီတပ်အင်အားအလုံးအရင်း ဧပြီ ၂၄ ရက်မနက်ပိုင်းက ဝင်ရောက်လာပြီး ပြည်သူတွေကို ဖမ်းဆီးတာတွေ ပြုလုပ်နေတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဒီနေ့မနက်ပိုင်း မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ မတ္တရာနယ်တွေကနေ ဝက်လက်မြို့နယ်အရှေ့ခြမ်းကို ဝင်ရောက်လာတာလို့ ဒေသခံတဦးက ပြောပါတယ်။ ဒေသခံရွာသားတဦးက “စခအင်အား ၃၀၀ လောက်ရှိမယ်ဗျ။ လာတာက‌ မန္တလေး စဥ့်ကူးမြို့နယ်၊ မတ္တရာနယ်ကို ရေကြောင်းကနေဝင်နေ စတင်ဝင်လာတယ်။ အဲဒီကနေတဆင့်လက်ရှိမှာ မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ဘိုကြီးကျွန်းကျေးရွာကို စစ်တပ်က ဝင်ရောက်ဖျက်ဆီးခဲ့တယ်။ နောက်ပြီးတော့ အဲရွာက အမျိုးသမီး ၃ ဦးကို ဖမ်းခဲ့တယ်။ အဲဒီကနေတဆင့် စဥ့်ကူးမြို့နယ်၊ ဟင်္သာကြီးကျေးရွာကိုဝင်တယ်။ အဲရွာက ဒေသခံ ၇ ဦးခန့်ကိုလည်း ဓားစာခံအဖြစ်ဖမ်းခဲ့တယ်။ […]

Most Read

2024-09-20 14:37:52