Breaking News >> News >> Democratic Voice of Burma


တမူးမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်းသေဆုံး


Link [2022-04-24 14:13:12]



စစ်ကိုင်းတိုင်း တမူးမြို့နယ်မှာ ဧပြီ ၂၃ ရက်နေ့ နေ့လယ်ပိုင်းက တမူး – အောင်ဇေယျကားလမ်းပေါ် တပ်အချိန်းအပြောင်းပြုလုပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းအား တမူးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တပ်ရင်း – ၁ နဲ့ ၂ ပူးပေါင်းတပ်က ကြားဖြတ်ချုံခိုတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်စဉ်အတွင်း နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး ထိတွေ့တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်းကျဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေတော့ ထိခိုက်ကျဆုံးမှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ တမူး PDF ရဲ့ ပြန့်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။ “သူတို့က ခလရ ၂၆၆ က တပ်သားတွေနဲ့ ခလရ ၈၉ တပ်သားတွေ တပ်ချိန်းတယ်လို့ သတင်းရလို့ ကျနော်တို့က ကြားဖြတ်တိုက်တာ စစ်ကောင်စီဘက်က အတုံးအရုံးကျဆုံးကြတာ တိုက်ပွဲပြီး ညနေပိုင်းမှာ လူနာတင်ကား […]

Most Read

2024-09-20 14:34:27