Breaking News >> News >> Democratic Voice of Burma


ရခိုင်တွင် အေအေနှင့်ဆက်စပ်မှုသံသယဖြင့် ဖမ်းဆီးခံခဲ့ရသူများ၏ မိသားစုများ အခက်အခဲမျိုးစုံ ကြုံနေရ


Link [2022-04-24 08:53:27]



လွန်ခဲ့တဲ့ ၂ နှစ်ကျော်က ရခိုင်ပြည်နယ် တိုက်ပွဲကာလအတွင်း အေအေနဲ့ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ အကြမ်းဖက်ပုဒ်မတပ်ကာ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေဟာ ခက်ခက်ခဲခဲနဲ့ ဘဝကို ရင်ဆိုင်နေရပါတယ်။  အာဏာသိမ်းစစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်နေပေမယ့် တိုက်ပွဲကာလတုန်းက အေအေနဲ့ပတ်သက်တယ်လို့ သံသယရှိခံခဲ့ရလို့ နှိပ်စက်ခံရပြီး သေဆုံးခဲ့ရသူနဲ့ ဖမ်းဆီးခံထားရဆဲသူတွေရဲ့ ကျန်ရစ်သူ မိသားစုတွေဟာ အခုချိန်မှာ အခက်အခဲ မျိုးစုံနဲ့ ရင်ဆိုင်နေရဆဲပါ။ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်ဖြူ-ရန်ကုန်ကားလမ်းဘေးမှာ တည်ရှိတဲ့ အလယ်ချောင်းကျေးရွာမှာ ပြီးခဲ့တဲ့ ၂ နှစ်လောက်က ကိုစိုးမင်းထွန်းဆိုသူ အပါအဝင် ၆ ယောက်ကို လယ်ထဲလယ်လုပ်နေချိန်မှာ စစ်တပ်က ဗုံးထောင်တယ်ဟုဆိုကာ သံသယနဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ကိုစိုးမင်းထွန်းကတော့ စစ်ကြောရေးမှာ သေဆုံးခဲ့ရတာပါ။  ကိုစိုးမင်းထွန်း အပါအဝင် ဖမ်းဆီးခံထားရသူတွေကို ဘယ်နေရာကို ခေါ်ယူသွားတယ်ဆိုတာကို မသိရတဲ့အတွက် […]

Most Read

2024-09-20 14:41:28