Breaking News >> News >> Democratic Voice of Burma


ရုရှားမစ်ဇိုင်းဒုံးထိမှန်ပြီး အိုဒါဆာမြို့ခံ ၅ ဦး သေဆုံး၊ ၁၈ ဦး ဒဏ်ရာရ


Link [2022-04-24 08:53:27]



ယူကရိန်းနိုင်ငံတောင်ပိုင်း အိုဒါဆာမြို့မှာ ရုရှားမစ်ဇိုင်းဒုံးကျည် ထိမှန်ပြီး လူ ၅ ယောက် သေဆုံးကာ ၁၈ ယောက် ဒဏ်ရာရသွားတယ်လို့ သမ္မတရုံးပြောခွင့်ရသူ အန်ဒရေး ယာ့မက်ခ်က ပြောပါတယ်။  ယူကရိန်းတောင်ပိုင်း လေတပ်စခန်းကလည်း မစ်ဇိုင်း ဒုံးကျည် ၂ ကြိမ် တိုက်ခိုက်ခံရပြီး လူနေအိမ် ၂ လုံး ထိခိုက်ပျက်စီးသွားတယ်လို့ ပြောပါတယ်။  ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒမီထရိုကူလီဗာကလည်း အိုဒါဆာမြို့ပေါ် မစ်ဇိုင်းဒုံးကျည် ၂ လုံး ကျရောက်တယ်လို့ တွစ်တာမှာ ရေးသားထားပါတယ်။  ရုရှားဘက်ကတော့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။ 

Most Read

2024-09-20 14:50:21