Breaking News >> News >> Democratic Voice of Burma


ရေဖြူ လောင်းကစားဝိုင်းများကို ရှင်းလင်းမှုများလုပ်မည်ဟု တော်လှန်ရေးတပ်ဖွဲ့များ ထုတ်ပြန်


Link [2022-04-24 08:53:27]



တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်က ကျေးရွာတွေမှာ စစ်ကောင်စီ ခွင့်ပြုချက်နဲ့ နေ့ရောညပါ ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းတွေကို ပြည်သူတွေ သွားရောက်ပူးပေါင်းပါဝင်တာတွေ မလုပ်ကြဖို့ ရေဖြူမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးထုတ်ပြန်လိုက်ပါတယ်။ အရက်ဆိုင်၊ ဘိလိယက်ဆိုင်နဲ့ လောင်းကစားဝိုင်းတွေမှာ စစ်ကောင်စီတပ်က အသွင်ယူပြီး စုံစမ်းထောက်လှမ်းတာတွေ လုပ်ဆောင်နေတာကြောင့် တန်ပြန်ရှင်းလင်းမှုများ ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ အဲဒီနေရာတွေကို သွားလာတာတွေ ရှောင်ကြဉ်ပေးကြဖို့ ရေဖြူမြို့နယ်မှာ စစ်ဆင်ရေးတွေ ဆောင်ရွက်နေတဲ့ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ (DGRF) က ဧပြီလ ၂၁ ရက်နေ့မှာ အသိပေးမေတ္တာရပ်ခံထားပါတယ်။ ဧပြီ ၂၁ ရက် ည ၁၀ နာရီဝန်းကျင်ခန့်တွင်လည်း ရေဖြူမြို့နယ် ကံပေါက်ဒေသ သဲချောင်းကျေးရွာအုပ်စု သင်္ကန်းညီနောင်ရွာမှာ ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းတခုကို ကံပေါက်ဒေသကာကွယ်ရေးတပ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး သတိပေးခဲ့ပါတယ်။ သဲချောင်းကျေးရွာသားတဦးကတော့ […]

Most Read

2024-09-20 14:30:52