Breaking News >> News >> Democratic Voice of Burma


ပေါက်မြို့နယ်တွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရသဖြင့် နေအိမ်နှင့်ကွမ်းခြံများကို မီးရှို့ဖျက်ဆီး


Link [2022-04-24 08:53:27]



မကွေးတိုင်း ပေါက်မြို့နယ်မှာ ဧပြီ ၂၂ ရက်နဲ့ ၂၃ ရက်နေ့တွေက စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ပြည်သူတွေရဲ့ နေအိမ်တွေ၊ ကွမ်းခြံ (ကွမ်းရွက်စိုက်ခင်း) တွေကို မီးရှို့ ဖျက်ဆီးခဲ့ကြတယ်လို့ ပေါက် PDF တပ်ရင်း ၄ နဲ့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ ပေါက်မြို့နယ် ကျောင်းကုန်းရွာနဲ့ ကျွန်းကြီးကြားမှာ စစ်ကောင်စီတပ်သားတွေကို ပေါက် PDF တပ်ရင်း ၄ နဲ့ King Fighter က  မိုင်း ၂ လုံးဆွဲပြီး အပြန်အလှန်တိုက်ပွဲဖြစ်ပွားရာ ဖောကား ၁ စီး ထိခိုက်ပျက်စီးသွားကာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ပေါက် PDF တပ်ရင်း ၄ ရဲ့ တာဝန်ခံ ဗိုလ်ငသွေးက ဒီဗွီဘီကို ပြောပါတယ်။ […]

Most Read

2024-09-20 14:30:44