Breaking News >> News >> Democratic Voice of Burma


မိုးကာလမတိုင်မီ ရခိုင်စစ်ဘေးရှောင်များ နေအိမ်ဆောက်လုပ်ရန် လိုအပ်


Link [2022-04-24 08:53:27]



ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းတွေမှာ မိုးတွင်းရာသီမရောက်မီ နေအိမ်တွေ ဆောက်လုပ်ဖို့ လိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်စခန်းတာဝန်ခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်က စစ်ဘေးရှောင်စခန်းတွေမှာ တာပေါ်လင်၊ ဝါးနဲ့ညှပ်ကာ  ဆောက်လုပ်ထားတာဖြစ်ပြီး ပြုပြင်ဖို့ လိုအပ်နေသလို မိုးတွင်း ရာသီရောက်ပါက အခက်အခဲတွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက မိုးသက်လေပြင်း တိုက်ခတ်မှုကြောင်း နေအိမ်တချို့ ပျက်စီးခဲ့သလို အိမ်တချို့ ဟာလည်း အိုဟောင်းနေပြီဖြစ်တာကြောင့် မိုးကာလမရောက်မီ ပြန်လည်ဆောက်လုပ်ဖို့ လိုအပ်နေတယ်လို့ ကျောက်တော်မြို့နယ် တောင်မင်းကုလားစစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးအောင်ကျော်ဝင်းက ပြောပါတယ်။ “ကျနော်တို့ စခန်းတွေမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးသက်လေပြင်းကြောင့် နေအိမ်ပျက်စီးတယ်။ အိမ်တွေက အိုဟောင်းနေပြီဖြစ်တာကြောင့် မိုးတွင်းမရောက်မီ ဆောက်ဖို့လိုတယ်။ အိမ်တွေ ဆောက်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေအတွက်  UNHCR ကို အကူအညီတောင်းထားတာတွေ တော့ရှိတယ်” လို့ပြောပါတယ်။ […]

Most Read

2024-09-20 14:48:27