Breaking News >> News >> Democratic Voice of Burma


ကစားသမားသစ်များခေါ်ယူရန် ဆွေးနွေးနေဟု အာဆင်နယ်ဒါရိုက်တာ အီဒူး ပြော


Link [2022-04-24 08:53:27]



လာမယ့်ရာသီအတွက် ကစားသမားသစ်တွေခေါ်ယူဖို့ ဆွေးနွေးနေတယ်လို့ အာဆင်နယ် အသင်း အားကစားဒါရိုက်တာ အီဒူးကပြောပါတယ်။  အာဆင်နယ်အသင်းဟာ အခုနှစ်ရာသီမှာ တိုက်စစ်မှူး အူဘာမီယန်းကို ထွက်ခွာခွင့်ပေးခဲ့ပြီး ကစားသမားအင်အား ဖြည့်တင်းဖို့လိုတာကြောင့် ခေါ်ယူမှုတွေ လုပ်ဆောင်သွားမယ်လို့ အီဒူးကပြောပါတယ်။  “ကစားသမားသစ် တယောက်၊ နှစ်ယောက်လောက် ခေါ်ယူနိုင်ဖို့အတွက် အာရုံစိုက်လုပ်ဆောင်နေပါတယ်။ ပြီးခဲ့တဲ့နွေရာသီက ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ခဲ့ပြီးနောက်မှာ နောက်တဆင့်ကို သွားဖို့လိုအပ်လာပါပြီ။ ကျနော်တို့မှာ မဟာဗျူဟာ စီမံကိန်းတခုရှိပြီးသားပါ” လို့ အီဒီးက ESPN နဲ့ အင်တာဗျူးမှာပြောပါတယ်။  လက်တလောသတင်းတွေအရတော့ မန်စီးတီးတိုက်စစ်မှူး ဂါဘရီယယ်ဂျေးဆူကို ခေါ်ယူဖို့ အီဒူးက ဆွေးနွေးနေတယ်လို့ သိရပါတယ်။  ဘရာဇီးလက်ရွေးစင် ဂျေးဆူဟာ နည်းပြအာတီတာနဲ့လည်း စီးတီးမှာ လက်တွဲခဲ့ဖူးပြီး ဘရာဇီးသားအီဒူးနဲ့လည်း ဆက်ဆံရေးကောင်းရှိတာကြောင့် အာဆင်နယ်ကိုပြောင်းရွှေ့နိုင်တယ်လို့ ခန့်မှန်းသုံးသပ်ကြပါတယ်။  ကစားသမားသစ်တွေ ခေါ်မယ်လို့ ပြောထားပေမယ့် ဂျေးဆူရဲ့ […]

Most Read

2024-09-20 14:31:43