Breaking News >> News >> Democratic Voice of Burma


၁ နှစ်နီးပါးရှိဖြစ်တဲ့ ငြိမ်းတောင်စစ်ရှောင်စခန်း (ဓာတ်ပုံ)


Link [2022-04-24 08:53:27]



ကရင်နီ(ကယား) ပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာရှိတဲ့ ငြိမ်းတောင်စစ်ဘေးရှောင်စခန်းမြင်ကွင်းပဲ ဖြစ်ပါတယ်။ ဒီးမော့ဆိုမြို့နယ် အိုးခုရီနဲ့ နောင်ပုလဲကျေးရွာတွေက ဒေသခံပြည်သူတွေဟာ စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို ရှောင်တိမ်းနေကြရဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် မေလပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်တွေက လေယာဥ်နဲ့ လက်နက်ကြီးပစ်ခတ်မှုတွေရှိခဲ့ပါတယ်။ အဆိုပါပစ်ခတ်မှုတွေကြောင့် ဒေါငံခါးကျေးရွာအနီးအနားမှာရှိတဲ့ ရွာတွေဖြစ်တဲ့ နောင်ပုလဲ နဲ့ အိုးခုရီရွာတွေက ဒေသခံတွေ ဘေးလွတ်ရာပြောင်းရွှေ့ခဲ့ကြပြီး ငြိမ်းတောင်စစ်ရှောင်စခန်းကို ဖွင့်လှစ်ခဲ့ကြတာပါ။ စစ်ရှောင်တွေဟာ နေရပ်မပြန်နိုင်ဘဲ စစ်ရှောင်နေခဲ့ကြရတာ ၁ နှစ်နီးပါးကြာမြင့်ခဲ့ပြီဖြစ်ပြီး လာရောက်လှူဒါန်းတဲ့ အစားအသောက်နဲ့ ရေကိုသာ အားကိုးပြီး နေထိုင်နေခဲ့ကြတာဖြစ်ပါတယ်။ “ကျနော်တို့ကတော့ အိမ်ပြန်ချင်တာပေါ့။ ကိုယ့်အိမ်ကိုယ့်ယာနဲ့ မနေရတာလည်း ၁ နှစ်နီးပါးရှိနေပြီ။ ဘာမှလဲ လုပ်ကိုင်စားသောက်လို့မှမရတာ” လို့ နောင်ပုလဲကျေးရွာက စစ်ရှောင်နေရတဲ့ […]

Most Read

2024-09-20 14:40:17