Breaking News >> News >> Democratic Voice of Burma


ရေးမြို့အထွက်တွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၂ ဦး တိုက်ခိုက်ခံရပြီး သေဆုံး


Link [2022-04-23 16:54:08]



မွန်ပြည်နယ်၊ ရေးမြို့နယ်အထွက်၊ ရွာသစ်ကျေးရွာအနီးရှိ တံတားကြီးမှာ လုံခြုံရေးနေတဲ့ စစ်ကောင်စီရဲတပ်ဖွဲ့ဝင် ၂ ဦး တိုက်ခိုက်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီတံတားမှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီရဲတပ်ဖွဲ့တွေကို ဧပြီ ၂၃ ရက်နေ့ မနက် ၉ နာရီလောက် မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း MSRO က သွားရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာကြောင့် ရဲအုပ်ရဲလွင်နဲ့ ရဲတပ်သား ဇင်မိုးလင်းတို့ သေနတ်ဒဏ်ရာတွေ ရရှိပြီး ရေးမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်စဉ် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း MSRO က တွဲဖက်တာန်ခံ အဂ္ဂကတော့ အဲဒီတံတားမှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေဟာ လမ်းအလယ်မှာ ခုံချပြီး နေ့စဉ်နဲ့အမျှ ခရီးသွားပြည်သူတွေ စိတ်အနှောက်ယှက် ဖြစ်အောင် […]

Most Read

2024-09-20 14:34:48