Breaking News >> News >> Democratic Voice of Burma


ပင်လယ်ဘူး မြို့မရပ်ကွက်တဝက်နီးပါး စစ်ကောင်စီက ဘက်ဖိုးများဖြင့် ဖြိုချဖျက်ဆီး


Link [2022-04-23 16:54:08]



ငြိမ်းချမ်းရေးဆွေးနွေးမယ်လို့ စစ်ခေါင်းဆောင်က ဧပြီ ၂၂ ရက်က ပြောဆိုထားပေမယ့် စစ်ကိုင်းနဲ့မန္တလေးတိုင်းတို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေက အကြမ်းဖက်မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။  စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ပင်လယ်ဘူးမြို့၊ မြို့မရပ်ကွက်မှာ စစ်ကောင်စီက ဆယ်ရက်ဆက်တိုက် အကြမ်းဖက်လုပ်ရပ်တွေ ပြုလုပ်နေပြီး မြို့မရပ်ကွက်ထဲက နေအိမ်တွေကို ဘတ်ဖိုးတွေနဲ့ ဖြိုချဖျက်ဆီးနေတာကြောင့် ရပ်ကွက်တဝက်နီးပါးပျက်စီးသွားပါတယ်။ မြို့ပေါ်က နေအိမ် ၆ လုံးကိုလည်း မီးရှို့ခဲ့ပြီး PDF တွေကို ထောက်ပံ့တယ်လို့ စစ်ကောင်စီက ယူဆတဲ့ အရပ်သားနေအိမ်တွေကို ဘတ်ဖိုးတွေနဲ့ ဖြိုချဖျက်ဆီးနေတာလို့ ပင်လယ်ဘူးမြို့ခံတယောက်က ပြောပါတယ်။  ဧပြီ ဒုတိယအပတ်ကစတင်ကာ စစ်ကောင်စီက လေယာဉ်တွေကိုပါ အသုံးပြု အကြမ်းဖက်တိုက်ခိုက်နေသလို ပြည်သူ ၁၃ ယောက်ထက်မနည်း စစ်တပ်က အကြမ်းဖက်သတ်ဖြတ်တာကို ခံထားရပါတယ်။ ပင်လယ်ဘူးမြို့မှာ အင်တာနက်နဲ့ဖုန်းလိုင်းတွေအားလုံးလည်း ဖြတ်တောက်ထားတာကြောင့် […]

Most Read

2024-09-20 17:53:29