Breaking News >> News >> Democratic Voice of Burma


ညောင်ပင်ရှည်ရွာကို စစ်တပ်က မီးရှို့၊ ရွာသား ၂ ဦးအားပစ်သတ်ပြီး ၁၅ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီး


Link [2022-04-23 16:54:08]



စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ရှည်ကျေးရွာ နေအိမ်အချို့ကို စစ်ကောင်စီတပ်က ဒီနေ့မနက် ၆ နာရီလောက် ထပ်မံမီးရှို့ခဲ့ပြီး ရွာသား ၂ ဦးအား ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ဒေသခံရွာသား ၁၅ ဦးကိုလည်း လူသားဒိုင်းအဖြစ်ခေါ်ဆောင်သွားကာ မူးသာကျေးရွာ ဘက်ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။ ညောင်ပင်ရှည်‌ရွာခံ အမျိုးသမီးတဦးက “ရွာဝင်လာကတည်းက ပစ်ခတ်ဝင်လာတယ်။ သူတို့လာတော့ မူးမြစ်အနောက်ဘက်ကမ်း မြင်းမူမြို့နယ်ဘက် ထွက်လာခဲ့တယ်။ အခုထိ မပြန်ရဲသေးဘူး။ ရွာက အိမ်ခြေ ၃၀၀ နီးပါးလောက်ရှိမယ်ဗျ။ တရွာလုံး ပြာကျတယ်လို့တော့ ကာကွယ်ရေးအဖွဲ့တွေကတော့ ပြောတယ်။ အဲသတင်းအမှန်ဆိုရင် ကျနော်တို့ ပြန်စရာအိမ်မရှိတော့ဘူး” လို့ ပြောပါတယ်။ ဧပြီ ၂၂ ရက် မနက်ပိုင်းကလည်း ညောင်ပင်ရှည်ကျေးရွာကို စစ်ကောင်စီတပ် မီးရှို့တာကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေနဲ့ […]

Most Read

2024-09-20 17:47:50