Breaking News >> News >> Democratic Voice of Burma


ရွာငံအပြစ်မဲ့ပြည်သူ ၉ ဦးကို စစ်တပ်က အကြောင်းမဲ့သတ်ဖြတ်၊ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီး


Link [2022-04-23 16:54:08]



ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြိုနယ်အတွင်းကို အင်းအားအလုံး အရင်းနဲ့ စစ်ကြောင်းထိုး‌နေတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ ဧပြီ ၂၂ ရက်က ပဲယင်းတောင်ရွာနဲ့ နွားဘန်းကြီးရွာက နေအိမ်တချို့ကို မီးရှိုးဖျက်ဆီးပြီး ရွာသား ၉ ဦးကို အကြောင်းမဲ့ သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ကျနော်တို့ရွာတွေကို စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး အပြစ်မဲ့ရွာသားတွေကိုလည်း PDF လို့ စွပ်စွဲပြီး သတ်ဖြတ်တာတွေ ဆက်တိုက်လုပ်နေတယ်။ အခုသတ်ခံရတာ ၉ ဦးရှိတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။ စစ်တပ်နဲ့ ပျူစောထီးတွေဟာ ပဲရင်းတောင်ရွာက နေအိမ် ၂ လုံးနဲ့ နွားဘန်းကြီးရွာက နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး နယ်ခံရွာသားတွေဖြစ်တဲ့ ကိုဗထူး၊ ကိုဖိုးပြောင်၊ ကိုလှရွှင်၊ ကိုတင်ဖေ၊ […]

Most Read

2024-09-20 17:44:49