Breaking News >> News >> Democratic Voice of Burma


ကွမ်းစီကန်ရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပစ်ခတ်နေသဖြင့် ရွာသားများ ထွက်ပြေး


Link [2022-04-23 11:34:14]



မန္တလေးတိုင်း၊ ပခုက္ကူမြို့နယ်က ကွမ်းစီကန်ရွာကို ဧပြီ ၂၃ ရက် မနက် ၉ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က အင်အား ၅၀ ကျော်နဲ့ ခြေလျင်စစ်ကြောင်းထိုးလာပြီး ယာလုပ်နေသူတွေကို ပစ်ခတ်တာကြောင့် ရွာသားတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ကွမ်းစီကန်ရွာကိုလာတာ ကွမ်းစီကန်နဲ့ မြောက်လူးကန်ကြားက ယာထဲမှာ ယာလုပ်နေသူတွေကို ဘာမဆိုင်ညာမဆိုင်ပစ်တာ၊ ရွာထဲက လူတွေရော ကြောက်လို့ ထွက်ပြေးတိမ်းရှောင်နေ ကြရတယ်” လို့ ရွာသားတဦးက ပြောပါတယ်။  ကွမ်းစီကန်ရွာကို စစ်ကြောင်း  ၂ ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေက မြောက်လူးကန်ရွာက သားအဖကိုလည်း ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။  ရွာထဲမှာ ကျန်ခဲ့တဲ့ ဆိုင်ကယ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး အခုအချိန်ထိ ၂ စီး မီးရှို့ခံ ထားရတယ်လို့ သိရပါတယ်။ ကွမ်းစီကန်ရွာက အိမ်ခြေ […]

Most Read

2024-09-20 18:01:20