Breaking News >> News >> Democratic Voice of Burma


ပွဲစားခဘတ် ၄ သောင်းစီပေးပြီး ထိုင်းကတဆင့် မလေးရှားသွားမည့် မြန်မာ ၁၁ ဦး ဖမ်းဆီးခံရ


Link [2022-04-23 11:34:14]



ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာပြီး မလေးရှားနိုင်ငံကို ဆက်သွားမယ့် မြန်မာနိုင်ငံသား ၁၁ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဧပြီ ၂၂ ရက်နေ့လယ်ပိုင်းမှာ  ဖမ်းဆီးလိုက်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ သူတို့အုပ်စုကို ထိုင်းနိုင်ငံတောင်ပိုင်းနယ်စပ် ဆဒေါင်းခရိုင်ထဲက သစ်တောဧရိယာတခုထဲမှာ ရဲတပ်ဖွဲ့ဝင်တွေ၊ စစ်တပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ပူးပေါင်းပါဝင်တဲ့ ကင်းလှည့်တပ်ဖွဲ့က ဖမ်းမိခဲ့တာလို့ ရဲတွေက ပြောပါတယ်။ ဖမ်းမိချိန်မှာတော့ သူတို့အားလုံးဟာ ပင်ပန်းနွမ်းနယ်နေကြပုံရပြီး ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရခြင်း ရှိမရှိ စစ်ဆေးချိန်မှာတော့ အားလုံးမှာ ကူးစက်ခံထားရခြင်း မရှိဘူးလို့ ဆိုပါတယ်။ ဖမ်းမိသူတွေမှာတော့ အမျိုးသား ၉ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ပါဝင်ပြီး ရဲတွေက သူတို့ကို စစ်ဆေးမေးမြန်းရာမှာ မော်လမြိုင်ကနေ လာရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ သူတို့အုပ်စုဟာ မြန်မာဘက်ကနေ ထိုင်းနိုင်ငံထဲကို တောလမ်းက […]

Most Read

2024-09-20 17:52:49