Breaking News >> News >> Democratic Voice of Burma


ရွှေကူမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်


Link [2022-04-23 11:34:14]



ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ မင်းကျောင်းကုန်းကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ ဧပြီ ၂၂ ရက်ညပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ မင်းကျောင်းကုန်းကျေးရွာကနေ စစ်ကြောင်းထိုးလာစဉ် ချောင်းဝကျေးရွာနဲ့ မင်းကျောင်းကုန်းကျေးရွာကြားမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ “ည ၇ နာရီခွဲလောက် မင်းကုန်းကျေးရွာက စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် တိုက်ပွဲဖြစ်တာ။ ၁၅ မိနစ်လောက်ကြာတယ်။ လက်နက်ကြီး ပေါက်ကွဲသံလည်းကြားရတယ်။ ထိခိုက်သေဆုံးတာရှိနိုင်တယ်၊ တိတိကျကျတော့မသိဘူး” လို့  မင်းကုန်းကျေးရွာဒေသခံတဦးက ပြောပါတယ်။ ချောင်းဝကျေးရွာကနေ မင်းကုန်းကျေးရွာဘက်ကို ခြေလျင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်အင်အား ၄၀ လောက်ကို ဗိုလ်မိုးကြိုးဦးဆောင်တဲ့ မြို့လှ KPDF တပ်ခွဲ ၁ က RPG/79mm လက်နက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စ်ဘက်က […]

Most Read

2024-09-20 17:55:57