Breaking News >> News >> Democratic Voice of Burma


တမူးပြည်သူ့ဆေးရုံ မီးလောင်


Link [2022-04-23 11:34:14]



စစ်ကိုင်းတိုင်း တမူးမြို့နယ် ပြည်သူ့ဆေးရုံမှာ ဧပြီ ၂၃ ရက်နေ့ မနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အဆောက်ဦတလုံး ပျက်စီးသွားတယ်လို့ သိရပါတယ်။ “ဒီမနက် ၇ နာရီကျော်လောက်မှာ  တမူးမြို့ ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ ရုံးအဆောက်အဦတလုံး မီးလောင်မှုဖြစ်ပွားခဲ့တယ်။ လျှပ်စစ်ဝါယာရှော့ဖြစ်ပွားပြီး မီးလောင်ခဲ့တယ်၊ အဆောက်အဦ တလုံး ပျက်စီးသွားတယ်၊ လူတွေ ထိခိုက်တာမရှိဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။ တမူးမြို့ပြည်သူ့ဆေးရုံမှာ မနက် ၇ နာရီက စတင်မီးလောင်ခဲ့ပြီး မနက် ၈ နာရီလောက်မှာ ပြည်သူနဲ့မီးသတ်တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး မီးငြိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

Most Read

2024-09-20 17:50:53