Breaking News >> News >> Democratic Voice of Burma


ငြိမ်းချမ်းရေးဆွေးနွေးစဉ်ကာလ တပ်စခန်းများကိုမတိုက်ခိုက်ရန်နှင့် တိုက်ခိုက်ပါက တုံ့ပြန်မည်ဟု စစ်ကောင်စီတပ် သတိပေး


Link [2022-04-22 23:54:26]



ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ထားတဲ့ကာလအတွင်းနဲ့ တွေ့ဆုံဆွေးနွေးနေစဉ်ကာလအတွင်း တပ်စခန်းတွေကို တိုက်ခိုက်တာ တပ်ဌာနချုပ်တွေကို နှောင့်ယှက်တိုက်ခိုက်တာမလုပ်ဖို့နဲ့  လုပ်ဆောင်ပါက တုံ့ပြန်သွားမယ်  ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီ ၂၂ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်ရေး တွေ့ဆုံဆွေးနွေးကြဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ‌ခေါင်းဆောင်တွေကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီကနေ့ ဖိတ်ခေါ်လိုက်ပြီးနောက် ခုလို ထုတ်ပြန်ကြေညာလိုက်တာပါ။ အဆိုပါ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ရေး ဖိတ်ခေါ်ထားတဲ့ကာလနဲ့ တွေ့ဆုံဆွေးနွေးနေစဉ်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေမယ့် အင်အားစုဆောင်းတာ၊ လှုပ်ရှားတာ၊ နယ်မြေချဲ့ထွင်တာ၊ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးတာဝန် ထမ်းဆောင်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ တပ်စခန်းတွေကို တိုက်ခိုက်တာ၊ တပ်ဌာနချုပ်တွေကို နှောင့်ယှက်တိုက်ခိုက်တာ မပြုလုပ်ဖို့နဲ့  ဒီလိုလုပ်ဆောင် လာပါက တပ်မတော်အနေနဲ့ […]

Most Read

2024-09-20 17:39:10